နောက်ဆုံးကျရင် ပန်းတွေ ကြိုက်တဲ့သူတွေပဲ ပန်းတွေ ဖြစ်ခွင့်ရတာမလား
နောက်ဆုံးကျရင် ပန်းတွေ ကြိုက်တဲ့သူတွေပဲ ပန်းတွေ ဖြစ်ခွင့်ရတာမလား
မိန်းမတွေ အချစ်ဦး ရည်းစားဦးကို ချစ်ခဲ့ကြသလိုမျိုး ပန်းဝါဝါတွေကို အဖေ ဘယ်တော့မှ ချစ်မှာမဟုတ်
ခေါင်းလောင်းပန်း အဝါရောင်တွေ နေမကောင်းတဲ့နေ့က အဖေ အဖမ်းခံရတဲ့နေ့
စခန်းက အပြန်
ခန္ဓာပြန်ရရင် သဂြိုဟ်ရမယ်
ပြန်လာရင်တော့ ဖက်ငိုမယ်
ပန်းတွေကို မှတ်မိနိုင်စွမ်းက ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်း ညာဘက်အခြမ်းလား အဖေ ဘယ်တော့မှ သိမှာမဟုတ်
ယောကျာ်းတွေ ဒုတိယအချစ်ကြောင့် မျက်ရည်ကျတဲ့နေ့က အဖေ စကားလုံးတွေ မေ့သွားတဲ့နေ့
ရုံးကအပြန်
သမီးနာမည်မေ့သွားရင် ငိုမယ်
သမီးနာမည်မေ့သွားရင် ရယ်မယ်
စစ်ပွဲမရှိပဲ မီးခိုးမှိုင်းတဲ့ ပန်းဝါဝါတွေပွင့်ရာ မြို့မှာ အဖေ ဒီတသက် နေနိုင်မှာမဟုတ်
တနိုင်ငံလုံး အိမ်အပြန်လမ်းကို မေ့တေ့တေ့ ဖြစ်တဲ့နေ့က အဖေ့နှလုံးသားတွေ စူးအောင့်တဲ့နေ့
ဆေးရုံကအပြန်
နေမကောင်းရင်တော့ တရေးတမော အိပ်မယ်
နေကောင်းရင်တော့ ရှောပင်းမောထဲ လမ်းပတ်လျှောက်ဦးမယ်
Comments
Post a Comment