Skip to main content

Posts

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကိုယ်ငေးငေးမ

Latest Posts

ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့် လူတစ်ယောက်ရဲ့ အပြုအမူ လုံး၀မဟုတ်ဘူးလို့ ကောက်ချက်ချတယ်

စိတ်ခံစားမှုတွေဟာ ရွေးချယ်မှုပဲလို့

မတော်တဆ စိတ်ကျန်းမာရေးဆွေးနွေးပေးတဲ့သူရှေ့ရောက်တဲ့အခါ နေကြာပန်းတွေအကြောင်းမပြောဖြစ်ရင် ကိုယ်ပြောဖြစ်မှာတွေက...

တစုံတယောက်ကို ပိုင်ဆိုင်နေရင်းနဲ့ ဆုံးရှုံးရမှာ ကြောက်လာရင် ငါတို့လုပ်ဖို့လိုတာက လီလီပန်းတွေအကြောင်း တခွန်းမှမဟဖို့ပဲ

အချစ်အတွက် ကဗျာတပုဒ်ရယ်လို့ တမင်ရည်ရွယ်ပြီး ငါရေးဖို့ ကြိုးစားနေခိုက်မှာပဲ ငါတို့တတိုင်းပြည်လုံး တိတ်ဆိတ်သွားတယ်

တယောက်ယောက်က သတ်သေတော့မယ် လို့ ပြောလာရင် ဘယ် ဘာသာစကားနဲ့ တုံ့ပြန်တာ အသင့်လျော်ဆုံးဖြစ်မလဲ?

ဆွန်ညာ

နာမည်

ငါ့သံသရာ တလျှောက်လုံး ချစ်ရသူရဲ့ လက်ကောက်ဝတ်နားက လက်ပတ်ကြိုးအနီလေး ဖြစ်ချင်ခဲ့တာ

ရယ်သံ