ရယ်သံ
[English version below]
ကိုယ့်အိမ်နံပါတ်ကိုယ် ရှာမတွေ့ခဲ့ရင် ဖိနပ်တွေကို မယုံဖို့ ခြေထောက်တွေကို ယုံကြည်ဖို့ ဖေဖေလုပ်နေကျလို ကြောက်စိတ်တွေကို ရယ်သံနဲ့ရောမွှေပစ်လိုက်ဖို့ ငါမမေ့ဘူး။ တညနေ မှောင်ရီရောကဆို အိမ်ရှေ့ မှာ ဖိနပ်သံတွေကြားရင် ရယ်ရ တံခါးဂျက်သော့ဖွင့်သံကြားရင် ရယ်ရ ကားသံတွေကြားရင် ရယ်ရ ငါတို့ဟာ ငါတို့ ရယ်သံတွေ ငါတို့ မကြားနိုင်တော့တဲ့ထိ ရယ်ရ။
Laughter
If I hadn't found my house number, I'd never forget to mix my fear with laughter, like my father used to do, to trust his feet, not to trust his shoes. On one dark evening, we laughed when we heard the sound of shoes in front of our house, we laughed when we heard the sound of someone opening our door jack, we laughed when we heard the sound of cars' engines, we laughed until we can't hear our laughter.

Comments
Post a Comment