တည်းဖြတ်လို့ မပြီးသေးတဲ့ ဇာတ်လမ်းတွေ
တစ္ဆေဝိညာဥ်တွေကို မြင်နိုင်တဲ့ငါ
ငါ့နံရံတွေက တအားပါးလွန်းတော့
အားသာချက်က ဟိုဘက်ကမ္ဘာကို
ငါအလွယ်လေး ကူးသွားနိုင်တယ်။
ငါ့အားနည်းချက်က အရည်လဲ့နေတဲ့
မျက်ဝန်းညိုတွေပေါ့။
ဆပ်လို့ မကုန်သေးတဲ့ ဝဋ်ကြွေးတွေမို့
သွားလေရာမှာ မသေမရှင်
ငါ ဝင်တိုက်တော့တာပဲ။
ငါ့ဇာတာက မရဏဖွားဖို့ မွေးကထဲက အမေက တတွတ်တွတ် မှာတယ်။
နှင်းဆီရဲရဲတွေနဲ့ အကြည့်ချင်းလည်း မဆုံနဲ့
နံရံတွေကို မမီလိုက်နဲ့
ခြေလှမ်းတိုင်းကို သတိထားစမ်း
မဝေဝါးနဲ့ ဆက်လျှောက် ဆက်လျှောက်
ခပ်သွက်သွက်လျှောက်။
Comments
Post a Comment