အိပ်မက်
အိပ်မက်
(၁)
ပိတ်ထားတဲ့ တံခါးတွေ ဖွင့်တဲ့အခါတိုင်း
တခြားတစ်ဖက်မှာ ရပ်နေတဲ့ လူတစ်ယောက်ရှိနေမယ် အထင်နဲ့
တံခါးတွေ တချပ်ပြီး တချပ် ဖွင့်ခဲ့တယ်။
တယောက်ယောက်က တခြားသော ခပ်ဝေးဝေးအရပ်မှာ
ကိုယ့်နာမည် အော်ခေါ်နေတယ် အထင်နဲ့
သူ မရှိတဲ့အရပ်မှာ ကိုယ်နေခဲ့တယ်။
ပြီးတော့
နောက်ဆုံးနွေပြီးတော့ နွေရောက်လာခဲ့တယ်။
(၂)
ဘုရားသခင် မတော်တဆ ဖန်တီးလိုက်မိတဲ့ ကမ္ဘာဟာ
အမှားယွင်းသာသာပဲ အဖြစ်ရှိခဲ့တယ်။
အဲဒီအတွက် သူဟာ ငိုတယ်။
ငိုတယ်။
ရှုက်ကြီးငင်စွာငိုတယ်။
သူ့ဆီကိုရောက်နိုင်ဖို့
ဘုရားသခင်ထံ တိုင်တည်တယ်။
သမ္မာကျမ်းစာအစား ဒိုင်ယာရီစာအုပ်ကို အားကိုးတယ်။
စာမျက်နှာအလွတ်တွေကို
တရွက်ချင်း ဖြဲဆုတ်ပစ်တယ်။
သူ အထပ်ထပ် မေ့လျော့ပစ်တယ်။
တခါမှ မနာကျင်ခဲ့ဖူးသလို
ဘယ်တုန်းကမှ အချစ်မခံရဖူးသလိုနဲ့
ဘုရားသခင်ကို အပြစ်တင်မယ်။
ပြီးမှ ဒီချစ်ခြင်းကို သူယစ်မူးပြန်တယ်။
(၃)
မမြင်ရတဲ့ ဟိုဘက်ခြမ်းဟာ ပိုမှောင်လား။
ဒါတွေဟာ
ကိုယ်ဖြတ်သန်းဖူးတဲ့ ဘဝတွေ
ကျရောက်ခဲ့ဖူးတဲ့ ငရဲတွေလား။
မှောင်တယ်။
အေးတယ်။
တိတ်ဆိတ်တယ်။
ခံစားမှုတခုရဲ့ အစွန်းတစ်ဖက်ကို ရောက်နေတယ်။
ပြီးတော့ အိမ်ပြန်လမ်းတွေမေ့နေတယ်။
ပုတ်ထုတ်လိုက်မိတဲ့ လက်တစုံဟာ
ကိုယ့်ကို လှမ်းဖမ်းပေးတာလား။
လှမ်းဆွဲချလိုက်လား မမြင်လိုက်ရဘူး။
ဒီတခါတော့
ကိုယ်တဖက်စောင်းအိပ်လိုက်ရင်လည်း
တယောက်ယောက်ရဲ့ ရှူထုတ်လိုက်တဲ့လေတွေနဲ့
ဝင်တိုက်မနေတော့ဘူး။
မေးခွန်း ၁။
ဘာကိုမှ ဘယ်အရာကိုမှ ဘယ်သူ့ကိုမှ ဆွဲထားနိုင်တော့မယ် မထင်တော့ဘူး။ ကိုယ့်ဘက်က ခက်ခက်ခဲခဲ လှမ်းထားရတဲ့ လက်တွေဟာ တခြားသူတွေထံ လေးလံနေစေခဲ့တယ်လို့ထင်နေမိပြီ။ ငါ ကြောက်နေပြီ ပြောရရင်တော့ ပင်ပန်းနေပြီ မောနေပြီ ဒီလမ်းတွေကို ဆက်မလျှောက်နိုင် မပြေးနိုင်တော့ဘူး ထင်ပါရဲ့။ လက်ထဲက ကြိုးစလေးဟာ အကြိမ်ကြိမ်အခါခါ လွတ်ထွက်သွားလိုက် ပြန်ရောက်လာလိုက် လည်ပင်းကိုရစ်ပတ်လိုက်နဲ့။ ဘယ်ဟာက အိပ်မက်ဖြစ်ပြီး ဘယ်အရာက အိပ်မက်ကနေ နိုးထလာခြင်းလဲ။
မေးခွန်း ၂။
ကမ္ဘာကြီးဟာ ရပ်မနေခဲ့ဘူး။
ခြေလှမ်းတွေဟာ ရှေ့တိုးရင်တိုး နောက်ဆုတ်ရင်ဆုတ် ရပ်နေလို့ မရဘူး။
တခါတခါတော့လည်း ဘဝက ရုပ်ရှင်ပိတ်ကားမဟုတ်ဖူးလို့ ငါတို့တွေ ဘယ်လိုပြောခဲ့ပြောခဲ့ ဒရမ်မာချိုးရတာကို နှစ်ယောက်လုံးက သဘောတွေကျလို့။ နင့်ဆီက ကူးပြောင်းရယူပြီး ပိုမို ကြီးထွားနေတဲ့ အမူအကျင့်တွေ ငါ့ဆီမှာအပြည့်ပဲ။ ဖုန်းနံပါတ်တွေနဲ့ လူနာမည်တွေ တွဲမမှတ်တတ်သော၊ တယောက်ယောက် ထိခိုက်နာကျင်နေတာကို ကြည့်ပြီး ပြုံးတတ်ရယ်တတ်သော၊ လူတွေအားလုံးကို ဂရုစိုက်သလိုနဲ့ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်သွားတတ်သော၊ နောက်ပြီးတော့ ဘယ်သူတဦးတယောက်ကိုမှ မချစ်တတ်သော နင် ငါ။ အဲဒီတုန်းကတော့ ဘာကို လိုချင်ခဲ့မှန်းမသိတာ နင်တစ်ယောက်တည်း။ အခုတော့ ငါတစ်ယောက်တည်း။ ငါတို့တွေ ဘာကို လိုချင်ခဲ့ကြတာလဲ။ အဲဒီမေးခွန်းကို နောက်နှစ်ပေါင်း ဘယ်လောက်ကြာတဲ့အထိ မေးနေကြမှာလဲ။
မေးခွန်း ၃။
တယောက်ထဲ လျှောက်ရတဲ့ ညလမ်းတွေဟာ ဘယ်တော့မှ မဆုံးဘူး။ တချိန်ချိန်မှာ တယောက်ယောက်က ငါ့ရဲ့ သံမျက်နှာဖုံးကို ခွာချပြီး တကယ်ပြုံးစမ်းပါ နင်နဲ့မလိုက်ဖက်လိုက်တာလို့ လာပြောလိမ့်မယ်လို့ တကယ်ယုံခဲ့တာ။ မျက်နှာဖုံးတွေ ရိပ်မိတတ်တဲ့ သူတစ်ယောက်ကပေါ့။ ငါ့မျက်နှာနဲ့ မျက်နှာဖုံးက တစ်သားတည်း မဖြစ်ခင်မှာပေါ့ ။ ကျိန်းသေပေါက် နင်ပေါ့။ တခုပဲ လိုသွားတယ် … ညဘက်တွေမှာ မပြောခဲ့သင့်ဘူး မကောင်းဆိုးဝါးတွေ ပေါတယ်လေ။ ဘယ်လောက်များများ ကံကောင်းပြီး ဘယ်လောက်များများ ကံဆိုးလိုက်တဲ့ငါလဲ။
မေးခွန်း ၄။
တချို့စိတ်အနာတွေက နောက်ကမ္ဘာထိလည်းပါတယ်။ တယောက်ယောက်က ဟုတ်တယ် အဲဒီတယောက်ယောက်က ဒီကမ္ဘာမှာလည်း သူ..။ နောက်ကမ္ဘာမှာလည်း သူ…။ လမ်းဘေးနံရံပေါ်က ကုတ်ရာခြစ်ရာတွေက ဘယ်လိုလှကြောင်း၊ သွေးကြောထဲက စီးဆင်းလာတဲ့ ဂီတအမျိုးအစားကိုမှ နှစ်သက်ကြောင်း၊ အခုထက်ထိ ကိုယ့်ကိုကိုယ် မှန်ထဲမှာ မမြင်ဖူးကြောင်း …. ဒါတွေကိုပဲ ပြောတတ်တဲ့ သူ။ ဘာဖြစ်လို့များ သိရခက်တဲ့ မှန်းရခက်တဲ့ လမ်းထောင့်ချိုးတွေမှာ ဖမ်းလို့မမိတဲ့ ဆက်ဆံရေးတွေရှိနေရတာလဲ တခြားဘယ်သူ့ဆီမှာမှမဟုတ်ပဲ ငါတို့တွေ ဆီမှာ။

However, if somebody is seeking fun casinos and 소울카지노 on-line slots for real cash, then X Bet is the best platform for on-line slots. XBet constantly works to impress the players by their functionality to keep this platform up to date with bonuses and promotions. You’ll enjoy the sheer selection whether or not you love on|you like} on-line slots, bingo, blackjack, roulette, or different reside on line casino video games.
ReplyDelete